Release date : 1980-02-09
Production country :
Hong Kong
Production company :
Orange Sky Golden Harvest
Durasi : 107 Min.
Popularity : 2
6.97
Total Vote : 224
သူ့ဇာတ်က တရုတ်ရိုးရာ ခြင်္သေ့အကကတာကနေ အခြေပြုထားတယ်။ ဒီနောက် ပြဿနာတွေတက် သူ့ဆရာက သူ့အစ်ကိုနဲ့ရန်ဖြစ်ပြီး ထွက်သွား နည်းနည်းတော့ဇာတ်နာတဲ့ဟန်နဲ့ပေါ့။ သူက သူ့အစ်ကိုနောက်လိုက်ပြီး သွားပြန်ခေါ်ဖို့လုပ်ရာကနေ ဟာသတွေ စလာတယ်ပြောရမှာပဲ။ နောက်ပိုင်းအဆုံးထိ ဘော့စ်နဲ့တိုက်တဲ့အခန်းအထိ ဟာသတွေရဲ့အရှိန်ဟာ တက်ပြီးရင်းတက်လာခဲ့တယ်။ ပြောရရင် ဂျက်ကီချမ်း အငွေ့အသက်အပြည့်ရတဲ့ အက်ရှင်ဟာသကားပေါ့။ သူ့ရဲ့ အကောင်းဆုံးကားတွေကို စာရင်းလုပ်ရင် ဒီကားက ၁ကနေ ၁၀အတွင်း တစ်နေရာရာမှာတော့ရှိနေမယ်ထင်ရတာပါပဲ။စိတ်မကောင်းစရာကတော့ ဒီကားရဲ့ ၃နာရီဗားရှင်းဟာ ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့တာလား ပေါ်မလာတော့တာလည်းတော့မသိပါဘူး။ ဂျက်ကီချမ်းရဲ့ ဦးအစက ဂျက်ကီချမ်းပီပီသသနဲ့ ခွီခဲ့ ကြမ်းခဲ့တဲ့ရုပ်ရှင်မို့ ဂျက်ကီဖန်တွေ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဒီကားက မင်းသမီးဟာ ဟိုးဟောင်ကောင်သိုင်းကားတွေက မင်းသမီးတွေလို ရုပ်မျိုးနဲ့ဆိုတော့ အဲဒီတုန်းက ကားတွေကို ပြန်လွမ်းမောဖို့ကောင်းသလို ဒီတိုင်းကြည့်ရင် သိပ်မလှဘူးထင်ရပေမဲ့ မင်းသမီးရဲ့ သိုင်းကွက်တွေ သရုပ်ဆောင်ကွက်တွေမှာမှ ပေါ်ပေါ်လာတတ်တဲ့ ညှို့ဓာတ်ကလည်း ဒီကားရဲ့အဓိကကျတဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုပါပဲ။
Related Movies✨

2017

1968

1987

1989

1992

1998

1990

1971

2017

2017

1995
