慈禧秘密生活

Release date : 1995-03-17

Production country :
Hong Kong

Production company :
Win's Entertainment Ltd., Wong Jing's Workshop

Durasi : 100 Min.

Popularity : 4

5.82

Total Vote : 22

တရုတ်ပြည်ရဲ့နောက်ဆုံးဧကရီဘုရင်မအကြောင်းပါပဲ။ ဘာလဲဟဆိုပြီးဖြစ်ချင်စရာပဲမလား။ တရုတ်ပြည်ရဲ့ နောက်ဆုံးဧကရာဇ်ဟာ ပုရီဖြစ်ကြာင်း တော်တော်များများ သိပြီးသားပဲကိုး။ တကယ်တမ်း ပုရီအပါအဝင် သူ့ရှေ့ကမင်းနှစ်ဆက်လောက်ဟာ ရုပ်သေးဘုရင်တွေသာဖြစ်ပြီး တကယ်တမ်းအုပ်စိုးခဲ့တဲ့သူက ရှီစီလို့ခေါ်တဲ့ ဧကရီမကြီးလို့ ဆိုကြပါတယ်။ သူ ဧကရီမကြီးဖြစ်မလာခင် သာမန်မိန်းကလေးဘဝကနေ ရက်စက်ပြီး ဘယ်သူမှမငဲ့တဲ့ ဧကရီမကြီး ဘယ်လိုဖြစ်လာခဲ့သလဲ ဆိုတာကို ရိုက်ပြထားပြီး တစ်ဖက်မှာလည်း မနူးမနပ်ကလေးမလေးဘဝကနေ မင်းကြီးစွဲနေအောင် လုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို သင်ယူခဲ့တာတွေကိုလည်းပြထားတယ်။ Category III ကားအနေနဲ့လည်း ကြည့်ကောင်းသလို ဒီတိုင်းလည်း ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ CateIII ကားပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Infernal Affairs ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Andrew Lau ဖြစ်ပြီး ဇာတ်လမ်းကိုရေးသားတဲ့သူကတော့ ချောင်ကား တော်တော်များများရိုက်ဖူးသလို တွဲဖက်ပါသရုပ်ဆောင်ဖူးတဲ့ ဝမ်ကျင်းပါပဲ။ ဟောင်ကောင်စီနီမာအကြောင်းပြောရင် တစ်ထောင့်တစ်နေရာက ပါနေမယ့်လူပဲပေါ့။ ရိုက်တာတို့ ရေးတာတို့ကတော့ ဆရာကြီးတွေချည်းပါပဲ။

Related Movies✨