The Catch

“ချိတ်”

Release date : 2023-02-15

Production country :
United Kingdom

Production company :
5, 5 (Online)

Durasi : 45 Min.

Popularity : 4.8438

5.10

Total Vote : 12

ချိတ်ဆိုတဲ့အရာဟာ ချိတ်တတ်တဲ့ သဘောရှိတယ်။ ကြည့်ပါဦး ဒီတူညီတဲ့စာလုံးကိုပဲ ကျွန်တော်တို့တွေ အသံထွက်မတူအောင် ထွက်လိုက်ရပြီ။ “ချိတ်မိသည်” ဆိုလည်း ဒီစာလုံး “ချိတ်” ဆိုလည်း ဒီစာလုံးပါပဲ။ ဒီတော့ ချိတ်ဆိုတာ ဘယ်အချိန်မှာ ချိတ်မိတတ်လဲ။ နောက်ချိတ်တစ်ခုနဲ့ တွေ့တဲ့အခါ ချိတ်မိတတ်တာပေါ့။ ဘယ်ချိတ်နဲ့မှ မတွေ့ဘဲ ဘာကိုချိတ်မိနေမှန်းမသိတဲ့ ချိတ်တစ်ခု အကြောင်း သိချင်ရင်တော့ ဒီစီးရီးလေးကို ကြည့်သင့်တယ်ထင် ပါတယ်။ ယူကေကနေ ယခုနှစ်ပိုင်းမှာမှ ထွက်ရှိလာတဲ့ စီးရီးကောင်း လေးတစ်ခုဖြစ်ပြီး လူကြိုက်များရေပန်းစားနေတဲ့စီးရီးကောင်းလေး လည်းဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ ဇာတ်အိမ်ခန့်မှန်းရအခက်ဆုံး စီးရီးတွေထဲက တစ်ခုပါပဲ။ ပဟေဠိပေါင်းများစွာ၊ ရှပ်ထွေးမှုပေါင်းများစွာ၊ နားမလည်နိုင်ချင်းပေါင်းများစွာထဲမှာ နစ်မြောသွားချင်တယ်ဆိုရင်တော့ ဒီစီးရီးလေးကို ရှုစားပေးဖို့လိုပါလိမ့်မယ်။